2 Dec 2013

မရှိမဖြစ် Winrar (winrar ဖြင့် ဖိုင်ဖြည်နည်း၊ ဖိုင်ချုပ်နည်း)


ကွန်ပျူတာတစ်လုံးရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်တွေထဲမှာ Winrar လည်းပါပါတယ်..။
 ဒါကြောင့် Winrar ကိုအလွယ်သုံးတတ်အောင် ပုံလေးတွေနဲ့ ပြသွားပါ့မယ်..။ Winrar 
သုံးနည်းတွေ အများကြီးထဲက အဓိက နှစ်မျိုးဖြစ်တဲ့ ချုပ်၊ဖြည် သုံးနည်းလေးကို ပြောပြသွားပါမယ်..။

ကျန်ခဲ့တဲ့ပိုစ့်မှာ ဆော့ဝဲလ်သွင်းတာ၊ ထုတ်တာကို ရေးခဲ့ပေမယ့် တကယ်ဆို
 Winrar သုံးတတ်အောင် အရင်ရေးသင့်တာပါ.. Winrar သုံးတတ်မှ ဆော့ဝဲလ်တွေ၊
 ဖိုင်တွေကို Winrar နဲ့ဘယ်လို ချုပ်ရတယ်.. ဘယ်လိုပြန်ဖြည်ရတယ်ဆိုတာ
 နားလည်သဘောပေါက်မှာပါ..။ မြန်မာနည်းပညာဆိုဒ်တွေက ဆော့ဝဲလ်တွေကို
 ဒေါင်းလော့ချတဲ့အခါ သုတို့က သူတို့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်တွေကို
 ဗိုင်းရပ်စ့်မထိအောင်လို့ Winrar နဲ့ချုပ်ပေးလိုက်ပါတယ်..။ ဖိုင် size လည်း 
အနည်းငယ်ပိုသေးသွားသလို ကျနော်တို့ ဒေါင်းရတာလည်း
 အတော်လေးအဆင်ပြေပါတယ်..။ ဆော့ဝဲလ်တွေမှ မဟုတ်ပါဘူး.. ဓါတ်ပုံတွေ၊
 ဗွီဒီယိုတွေ၊ သီချင်းတွေ အားလုံးကို Winrar နဲ့ချုပ်ပြီး
 သိမ်းထားလို့ ရပါတယ်.. Winrar နဲ့မချုပ်ပဲ ထားတဲ့ဓါတ်ပုံဖိုင်တွေဆိုရင်
 ဗိုင်းရပ်စ် ဖုံးလိုက်လို့ ခဏခဏပျောက်တတ်ပါတယ်.. ဆော့ဝဲတွေဆိုရင်လည်း
 ဗိုင်းရပ်စ်ဖျက်လိုက်ရင် သုံးလို့မရတော့ပါဘူး..။ ဒါက ကျနော့်စက်ထဲမှာ
 ခဏခဏဖြစ်တတ်တာကို ပြေပြတာပါ..။
 မိမိတို့စက်ထဲမှာ Winrar မရှိသေးဘူးဆိုရင်တော့ဒီနေရာမှာ ဒေါင်းလော့ချလိုက်ပါ..
 ဖရီးဆော့ဝဲလ်လေးပါ..။ ကျနော့်သူငယ်ချင်းတစ်ယောက်ဆိုရင် မြန်မာနည်းပညာဆိုဒ်တွေက
 ဆော့ဝဲလ်တွေက ဒေါင်းလို့တော့ရတယ် ..။ သုံးလို့မရဘူးတဲ့..။ ဘာဖြစ်လို့လဲဆိုတော့
 ဒေါင်းလော့ချလိုက်လို့ သူ့စက်ထဲရောက်လာတဲ့ ဆော့ဝဲလ်တွေ အားလုံးက 
စာရွက်ဖြူလေးတရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့..
\ ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ်..။ သူ့စက်ကို
 သေချာဖွင့်ကြည့်လိုက်မှ Winrar ဆော့ဝဲလ်မရှိလို့ ထည့်ပေးလိုက်မှ
 အဆင်ပြေသွားပါတယ်..။ သူ့ကိုတခါတည်း Winrar သုံးနည်းလေးပါ
 အောက်ကပုံလေးတွေအတိုင်း ပြောပြလိုက်ပါတယ်.. 

 

ဒါကတော့ ချုပ်နည်းပါ..။ ပြန်ဖြည်တဲ့နည်းကိုတော့ အောက်မှာဆက်ကြည့်လိုက်ပါဗျာ..

 
 

winrar နဲ့ချုပ်ထားတဲ့ဖိုင်ကို ဘယ်နှခါပဲဖြည်ဖြည် ကုန်သွားတယ်လို့ မရှိပါဘူး..။ မူရင်းဖိုင်ကတော့ အထဲမှာ ကျန်နေတုန်းပါပဲ..။

No comments:

Post a Comment