Samsung တွင် Official Rom ပြန်တင်ရန်
အောက်ပါတို့လိုအပ်ပါသည်။
1. Samsung
driver
2. Phone
ကို Downloading Mode တွင်ရှိရန်
3. Odin
(or) Odin Multi Downloader
4.Official Rom ဖိုင် (Samsungတွင် Rom file သည် .tar (or).tar.md5 ဖြင့်ဆုံးသော fileများ)
Phone ကို PC မှသိအောင်
Driver သွင်းပါ။( Samsung phone များအတွက်
Samsung မှ Kies ဆိုသော Software ကို ထုတ်ပေးထားပါသည်။ ၎င်းသည် Samsung
phone များအတွက် Client Software တစ်ခုအဖြစ်သာမကဘဲ
USB Driver ပါ install လုပ်ပေးပါသည်။ Client Software ဆိုသည်မှာ Phone နှင့်
PC ကို ချိတ်ဆက်ပေးပြီး Data Sync လုပ်ပေးသော Software ဖြစ်ပါသည်(ဥပမာ-Mobile Go ,
Moborobo တို့ နှင့် တူညီပါသည်။)
Phone ကို Download Mode တွင်ထားပါ။
Download Mode ၀င်တဲ့ ခလုပ်က
Vol up + Home + Power
ကျွှန်တော်ကတော့ ခလုပ်နှိပ်ပျင်းလို့
တို့ဆရာ Chateau Man(သားသား)သင်ပေးတဲ့
အတိုင်း Command Prompt ကနေဘဲ
ဝင်တယ်
ဘယ်လိုလဲဆိုတော့
အပေါ်ကဟာလေးဒေါင်းပြီးတော့ ဖြည်ပြီးတော့ Partition: C ထဲက ခင်ဗျားရဲ့ User အောက်မှာ
ထားလိုက်ပါ။
ပထမဆုံး Phone ကို USB
Debugging နဲ့ Unknown Source တို့ On ပြီး PC နဲ့
Connect လုပ်ပါ။
Win + R
Run Box ကျလာရင် cmd လို့ ရိုက်ပြီး
Enter ခေါက်
Command Prompt မှာ adb
reboot download mode လို့ရိုက်ပြီး Enter ခေါက်
ကဲ ရောက်သွားရော
ကဲ download Mode ကိုရောက်ပြီဆိုရင်
Odin ရဲ့ အခန်းကဏ္ဍ ရောက်ပါပြီ
Samsung မှာ FIRMWARE တင်လို့
ရတှဲ့Software (2) ခုရှိပါတယ်
(1) Odin နဲ့
(2)
Odin Multi Downloader ပါ
ဒီတော့ ကျွှန်တော်တို့က Phone ကို ဘယ် Software နဲ့ တင်မလဲ ဆိုတာ ဆုံးဖြတ်ရမယ်
Odin Multi Downloader ကို ဖွင့်လိုက်ပါ။
အဲဒီမှာ COM Port Mapping ဆိုတာကိုကြည့်လိုက်ပါ။
အခုလို ပြ နေရင် ကျွှန်တော်တို့ဟာ Odin Multi Downloader နဲ့
ဖန်လုံးရိုက်လို့ရပါပြီ …..ဟီး ဟီး…..( စက်ရုပ်ပိစိကွေးလေးပြောသလိုပေါ့ )
အဲဒီမှာ တစ်ခုတွေ့ရတာက Odin Multi Downloader နဲ့ရိုက်ရမယ့် Phone ဟာ Odin မှာလည်း အခုလိုပြနေတာဖြစ်ပါတယ်။
ဒါပေမဲ့ ကံကောင်းတာက Odin နဲ့
ရိုက်ရမဲ့ Phone က Odin Multi Downloader မှာ လာမပြတော့ပါဘူး
……..
ဒါကြောင့် ကျွှန်တော်တို့က အမြဲတမ်း
Phoneနဲ့ ချိတ်ပြီးရင် Odin Multi Downloader နဲ့ ဖွင့်ကြည့်ရပါမယ်
ဒါမှ Odin လား Odin Multi
Downloader လား ဆိုတာ သေချာသိမှာပါ။
****
အဲဒီတော့ အဓိကက ဖန်လုံးရိုက်မယ်ဆိုရင် Odin Multi Downloader နဲ့ဖွင့်ပါ။ Com Port Mapping မှာပြရင် အဲဒါနဲ့လုပ် မပြရင်
Odin နဲ့လုပ်ပါ။ ****
ကဲအဲဒီတော့
Odin နဲ့လား Odin Multi Downloader နဲ့လား ဆိုတာသိသွားပါပြီ။
အခု
Firmware တင်ပါတော့မယ်။
အဲဒီတော့
Down ထားတဲ့ file ကို ကြည့်ကြစို့။
File
တစ်ခုရဲ့ File Name မှာ အပိုင်း(၂)ပိုင်းပါဝင်ပါတယ်။
Base
name နဲ့ Extension name ပါ။
ဥပမာ- frozenkeyboard.apk မှာ frozenkeyboard က
Base name ပါ .apk က
Extension
name ပါ
Samsung
Firmware အတွက် Extension name က--
1. .tar
2. .tar.md5 တွေပါ။
ကဲ
ဒီတော့ FIRMWARE တင်မဲ့ PHONE ရဲ့ file ကို down လိုက်ပါ။
Down
ထားတဲ့ file ကို ဖြည်လိုက်ပါ။
Samsung Firmware တွေကို ဒီမှာ Down ပါ။Register တော့ လုပ်ရတယ်။
ဒီမှာ
၂မျိုး ထပ်ကွဲပါတယ်။
ဖြည်လိုက်ရင်
1. .tar(or).tar.md5
တစ်ဖိုင်တည်း (သို့မဟုတ်)
2.
.tar(or).tar.md5 လေးဖိုင် ပါလာတာရယ်ပါ။
Odin မှာ ဒီလိုလုပ်ပါ။
.tar
(or) .tar.md5 တစ်ဖိုင်တည်းဆိုရင်
1. PDA
အကွက်မှာ .tar (or) .tar.md5 ကို Directory ပေးပါ။
2. Start
ကို နှိပ်ပါ။
3. PASS
ဆိုရင် ပြီးပါပြီ။
.tar(or).tar.md5 လေးဖိုင်
ပါလာတဲ့
file လေးဖိုင်မှာ
1.
BOOT ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို BOOTLOADER မှာ
2. CODE
ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို PDA မှာ
3. MODEM ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို PHONE မှာ
4. CSC ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို CSC မှာ
Directory
ပေးပါ။
Start
ကိုနှိပ်ပါ။
PASS
လို့ ပေါ်လာရင်ရပြီ။
Odin Multi Downloader မှာ ဒီလိုလုပ်ပါ
.tar (or) .tar.md5 တစ်ဖိုင်တည်းဆိုရင်
.tar
(or) .tar.md5 တစ်ဖိုင်သာပါပါတယ်။ ဒါပေမဲ့ .ops တစ်ဖိုင်ပါပါသေးတယ်။
1. .ops ဖိုင်ရွေးပါ။
2. One
package ကို အမှန်ခြစ်ခြစ်ပါ။
3. One
Package နေရာမှာ .tar (or) .tar.md5 file ရွေးပါ။
4. Start
ကို နှိပ်ပါ။
5. PASS
လို့ပေါ်လာရင်ပြီးပြီ။
.tar(or).tar.md5 လေးဖိုင်
1. .ops
ဖိုင်ရွေးပါ။
2. One
Package အမှန်ခြစ်ရှိလျှင် ဖြုတ်ပါ။
3. BOOT,
PHONE, PDA,CSC ကို Directory ရွေးပါ။
4. Start
ကို နှိပ်ပါ။
5. PASS
လို့ပေါ်လာရင်ရပြီ။
ဒါက ကျွှန်တော့်မှာရှိတဲ့ Odin နဲ့ Odin Multi Downloader တွေပါ
Samsung
Official Firmware တင်တာက ဒီနေရာမှာပြီးပါပြီ
……………
ကျွှန်တော်က
ဆရာကြီးတစ်ယောက်မဟုတ်လို့ အခုရေးတဲ့ Post မှာ
လိုအပ်တာတွေ
၊ မပြည့်စုံတာတွေ ၊ အမှားအယွင်းများပါခဲ့ရင်
ထောက်ပြနိုင်ပါတယ်။
ဒီPost
လေးက ကျွှန်တော် သင်တန်းမှာ သင်ရတာလေးကို ပြန်ရေးထားတာပါ။
ကျွှန်တော့် အတွေ့အကြုံလေးတွေလဲပါတာပေါ့။
ပြီးတော့သားသား(ChateauMan-နာမည်နှစ်မျိုးနဲ့လူတတ်လဲတတ်နိုင်တယ်
ပျင်းတိုင်းနာမည်ပြောင်းနေတဲ့လူ)ရဲ့ ကျေးဇူးလဲမကင်းပါဘူး။
သူ့ရဲ့
Android User Guide ကိုဖတ်ပြီးတော့ ကျွှန်တော် android အကြောင်း ပိုသိလာတာပါ။
ဒီနေရာကနေ
ကျေးဇူးတင်ပါတယ်။
ဒီ post ကို pdf file နဲ့ လိုချင်ရင် ဒီမှာပါ
No comments:
Post a Comment