ဘယ်လိုလုပ်ရမလဲ တဲ့.. အဲလို Sleep မကျအောင် ဘယ်လိုလုပ်ရလဲဆိုတာ ကျနော် ဒီမှာပြထားတဲ့ ပုံလေးတွေအတိုင်း သူ့ကွန်ပျူတာကို လုပ်ပေးလိုက်ပါတယ်..။ သူလည်း ရုပ်ရှင်ပြီးတဲ့အထိ ကီးဘုတ်နှိပ်စရာမလိုပဲ ကြည့်လို့ရသွားပါတယ်..။ ဒါပေမယ့် ကျနော့်ဆရာက ပြောဘူးပါတယ်...။ အမြဲတမ်း ဒီလို Never နဲ့ထားလို့ မကောင်းပါဘူးတဲ့.. ဘာလို့လဲဆိုတော့ ကွန်ပျူတာတွေဟာလည်း လူတွေနဲ့ တူပါတယ်..။ သူတို့လည်း လုပ်စရာမရှိရင် အနားယူချင်ကြပါတယ်..။ သူတို့ကို အနာမပေးတာ ကြာလာတဲ့အခါ Windows မှာ Error တွေများလာတတ်သလို ဟတ်ဒစ်လည်း လောင်တတ်ပါတယ်..။ ရှင်းရှင်းပြောရရင် စက်ပျက်တတ်တယ်လို့ ပြောချင်တာပါ..။ ဒါကြောင့် ရုပ်ရှင်ကြည့်ပြီးတဲ့အခါ Never Mode ကနေ Sleep Mode ပြန်ပြောင်းပေးသင့်ပါတယ်..။
အောက်က ပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ...
တကယ်လို့ Never နေရာတွေမှာ အရင်မပြောင်းခင်က အတိုင် ပြန်မမှတ်မိတော့ဘူးဆိုရင်တော့ Never အားလုံး 5 minutes ဒါမှမဟုတ် 10 minutes လို့ အတူတူထားပေးလိုက်ပါ..။ Save changes နှိပ်ဖို့ မမေ့ပါနဲ့..။ ဒါဆိုရင် Sleep Mode ပြန်ရသွားပါပြီ..။ ရုပ်ရှင်ကြည့်တဲ့အခါ ဒီနည်းလေးကို စမ်းသုံးကြည့်လိုက်ပါဗျာ..





No comments:
Post a Comment