computer ထဲမှာရိုးရိုး file တွေကို folder နဲ့ ထည့်ထားတတ်ကြပါတယ်။
ဒါပေမဲ့ ပုံတွေများများထည့်ထားတာတို့ နောက် အခြားသော file တွေများစွာကို
ပြွတ်သိပ်ထည့်ထားရင် အဲဒီ folder ဟာ Hard disk ပေါ်မှာနေရာယူတဲ့
size ကြီးမားလာတာကိုတွေ့ ရပါလိမ့်မယ်။ နောက်ပြီး တော့ အဲဒီလို
size ကြီးမားတဲ့ folder တွေကို ကျွန်တော်တို့ တွေ mail attach နဲ့ တွဲပို့ လည်း
အဆင်မပြေ နိုင်ပါ။
( gmail ဆိုရင်25 Mb ထက် size ကြီးတဲ့ file တွေကို attach တွဲလို့ မရပါဘူး)
ဒီတော့ကျွန်တော်တို့  အနေနဲ့ ကိုယ်ပို့ ချင်တဲ့ data တွေကို တစ်ဖက်ဆီကို
ပို့ ချင်တယ်ဆိုရင် zip ချုံ့ ရတော့တာပေါ့။ နောက်ပြီး
ကိုယ့်ရဲ့ data တွေကို Harddisk ပေါ်မှာ file size နည်းနည်းချုံ့ ချင်ရင်
zip နဲ့ သိမ်းပါတယ်။ ဒီတော့ zip file တွေနဲ့ ကျွန်တော်တို့ ဘက်ကပို့ လိုက်ရင်
ဟိုဘက်ကနေ အဲဒီ zip ကိုဖြည်ပြီး folder access လုပ်နိုင် သွားပြီဖြစ်ပါတယ်။
ဒါဆိုရင် zip file ရဲ့ အခြေခံသဘောလေးကိုနားလည်ကြမယ်လို့ ယူဆပါတယ်။
ကဲ…zip file စလုပ်ကြစို့ …..
အဆင့် (၁)
ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ လုပ်ချင်တဲ့ file တွေကို ခုလို select လုပ်လိုက်ပါတယ်။
အဆင့် (၂)
ဒီအဆင့်မှာကတော့ select လုပ်ထားတဲ့ file ပေါ်မှာ right click ထောက်ပြီးတော့
send to ကနေ Compressed ( Zipped) Folder ကိုနှိပ်လိုက်ပါတယ်။
အဆင့် (၃)
ကဲ…ရသွားပါပြီ၊အဲဒီမှာကိုယ်ပေးချင်တဲ့ file name ပေးလိုက်ရင်
ဒါက zip file ဖြစ်သွားပါပြီ။ ပြန်ဖြေချင်ရင် ကော ….?
အဆင့်(၁)
zip file ကို right click လုပ်လိုက်ပါ။
အဲဒီက Extract All ဆိုတာလေးရှိပါတယ်။ အဲဒါလေးကိုနှိပ်လိုက်ရင်
အဆင့် (၂)
ဒါလေးကဘယ်နေရာမှာဖြည်မယ်
( Destination) ဆိုတဲ့နေရာလေးကိုရွေးပြီးဖြည်လိုက်ရင်ရပါပြီ။
ဒီ service ကို windows 7, windows vista တို့ windows xp တို့ မှာ
လုပ်လို့ ရပြီးတော့ အဲဒီထက်ရှေးကျ တဲ့ windows တွေမှာတော့
Third-party Zip software တစ်ခုခု( Win Zip တို့ ..Win Rar တို့ လိုမျိုး) နဲ့ 
လုပ်မှာရပါလိမ့်မယ်။ဆိုလိုတာကတော့ windows XP နဲ့ windows 7 မှာ
default zip compress/extract လုပ်နိုင်တဲ့ features ပါလာတာပါ။
ဒီတော့ တစ်ဖက်က zip နဲ့ ပို့ လည်းကိုယ့်ဆီမှာ zip file ကိုအေးဆေး ဖြည်နိုင်ပါပြီ။ ကဲ….ဒါကတော့လူတော်တော်များများလည်းသိလောက်ပြီးဖြစ်မှာပါ။
အားလုံးအဆင်ပြေကြပါစေ။ နည်းပညာအသိမြင့်မားတိုးတက်ကြပါစေ…ဗျာ။






No comments:
Post a Comment