
ပြည်တွင်းရဲ့ iPhone ဈေးကွက်အခြေအနေကို လေ့လာကြည့်မယ်ဆိုရင်တော့ iPhone တွေဟာ ဟိုးအရင် ကတည်းက
အသုံးပြုပြီးသား ဟန်းဆက်တွေကို တစ်ဆင့်ပြန်လည် ရောင်းချပေးတဲ့ Use ဈေးကွက် ကပြည်တွင်းမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင်အသုံးပြုသူ အချင်းချင်းကလည်း အသုံးပြုပြီးသား ဟန်းဆက်တွေ ကို ပြန်လည်ရောင်းချတာမျိုး၊ ဝယ်ယူတာမျိုးတွေ ရှိပါတယ်။ အချို့ကတော့ ပြည်ပကနေ အသိ မိတ်ဆွေတွေဆီက တိုက်ရိုက်မှာယူ အသုံးပြုကြတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုမျိုး အသုံးပြုမှုတွေဟာ တစ်ချိန်တစ်ခါတုန်းကတော့ သိသာထင်ရှားတဲ့ အခက်အခဲနဲ့ပြဿနာ သိပ်မရှိခဲ့ပေမယ့် ခုချိန်မှာတော့ iPhone တွေကိုဒီလိုမျိုး တစ်ယောက်လက်ကနေ တစ်ယောက်တစ်ဆင့် ပြန်လည်ဝယ်ယူ အသုံးပြု ကာ ဈေးကွက်ထဲမှာရှိပြီးသား ဈေးနှုန်း သက်သာတဲ့ iPhone Use တွေကိုပြန်လည် ဝယ်ယူ အသုံးပြုခြင်းတွေဟာ ကိုယ့်အတွက် အမှတ်မထင် ပြဿနာမျိုးတွေကို ဖန်တီးပေးလာနိုင်မယ်ဆိုတာကို ခုချိန်မှာအသုံးပြုသူတွေ သိထားသင့်ပါပြီ။ ဒါ့အပြင် ဖုန်းအသစ်ကိုကိုယ်တိုင် အသုံးပြုနေသူတွေ အနေနဲ့ လည်း ကိုယ့်ဖုန်းမှာအသုံးပြုနေတဲ့ Apple ရဲ့လုံခြုံရေးစနစ်တွေကို သိထားသင့်ပါပြီ။
iPhone တွေဟာခုချိန်မှာ နည်းပညာပိုင်းတွေဟာ တစ်စထက်တစ်စ မြင့်မားလာနေခဲ့ပြီ ဖြစ်တဲ့အပြင် ဖုန်းရဲ့လုံခြုံရေးအတွက် ပြုလုပ်ထားတဲ့ Security စနစ်တွေဟာလည်း တစ်စထက်တစ်စ ပိုမိုများပြားလာနေခဲ့တာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် Apple ကနေ အသစ်ထွက်လာတဲ့ iOS တွေဟာ အဆင့်မြင့်မားလာခဲ့ပြီး iPhone တွေမှာအသုံးပြုထားတဲ့ Chip တွေနဲ့ OS တွေရဲ့
တွဲဖက်လုပ်ဆောင်ပုံတွေဟာ ပိုမိုတိကျကောင်းမွန် လာတာကိုလည်း အသုံးပြုသူတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။
ဘာကြောင့်များ ဒီလိုမျိုးတွေ ဖြစ်လာရသလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ iOS 7 စတင်ထွက်ရှိခဲ့တဲ့ အချိန်ကစတင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ iOS7 ထွက်လာတဲ့အချိန် မှာ ပြည်တွင်းမှာ ရှိနေတဲ့ iPhone တော်တော်များများမှာ အခက်အခဲတွေ ဖြစ်ပေါ်လာခဲ့ပြီး အချို့ဖုန်းတွေဟာ အကောင်း ကနေ လုံးဝအသုံးပြုလို့ မရတော့တဲ့ အခြေအနေထိ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေရှိ နေခဲ့ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာရှိနေတဲ့ iPhone အသုံးပြုသူအချို့ဟာ Apple ရဲ့ iCloud စနစ်ကိုပေါ့ဆစွာ အသုံးပြုကြခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ iCloud အကောင့်ကို အသုံးပြုရာမှာ ပြည်တွင်းကအသုံးပြုသူ အချို့ဟာ iCloud နဲ့ Find My iPhone ကိုဖွင့်တဲ့အခါမှာ ကိုယ်အမြဲသုံးတဲ့ Email Account နဲ့ ဖွင့်ထားတဲ့ iTune အကောင့်မဟုတ်ဘဲ အခြားသူတစ်ယောက် လုပ်ပေးတာမျိုး ဒါမှမဟုတ် ဆိုင်ကနေအလွယ်တကူ ဖွင့်ပေးလိုက်တဲ့ အကောင့်မျိုးတွေနဲ့ အသုံးပြုနေကြတာကို မြင်တွေ့ရပါတယ်။ ဒါတွေဟာခုချိန်မှာ အန္တရာယ်ရှိလာပါပြီ။ ဒါ့အပြင် အချို့ဟာ iCloud အကောင့်ကို အသုံးပြုပြီးချိန်မှာ Log Out မလုပ်ဘဲ Log Move လို့ခေါ်တဲ့ တိုက်ရိုက်ထွက်လာတဲ့ စနစ်မျိုးကိုအလွယ်တကူ အသုံးပြုတတ်ကြပါတယ်။ ဒါတွေကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စနစ်မျိုးတွေနဲ့အသုံးပြုခဲ့တဲ့ Device တွေဟာ iOS 7 ကို ဗားရှင်းမြှင့်တင်ချိန် မှာ ပြဿနာဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်တော့ iOS7 ကိုဗားရှင်းမြှင့်တင်တဲ့အချိန် Firmware Restore, Firmware Update ပြုလုပ်ပြီးချိန်မှာ Apple ID လို့ခေါ်တဲ့ iTune Account ကို စတင်ပြီး တောင်းပါတော့တယ်။ အဲဒီလိုမျိုးအကောင့်ကို တောင်းချိန်မှာ ကိုယ်ကအကောင့်ကို မသိတာ ဘဲဖြစ်ဖြစ်၊ မမှတ်မိတော့တာဘဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အကောင့်ကို မဖြည့် နိုင်တော့ဘူး ဆိုရင်တော့ ဒါဟာဖုန်းပျက်ဖို့ အကြောင်းအရင်း စတင်လာပါပြီ။ အချို့ဆိုရင်ဆိုင်မှာ ဗားရှင်းသွားမြှင့်ရင်း ဖုန်းကပျက်သွားတယ်ဆိုတဲ့ ထင်မြင်ချက် မျိုးတွေတောင် ဖြစ်လာတာမြင်ဖူးပါတယ်။ ဒါကြောင့် Apple ID ဟာဖုန်းတစ်လုံး Apple Device တစ်ခုအတွက် အသက် တစ်ခုလို ဖြစ်လာခဲ့ပါပြီ။ အကောင့် မမှတ်မိတော့ ဘူး ဆိုရင်တော့ Activation Stage ဖြစ်တဲ့နေရာကနေ ဖုန်းကဆက်ပြီးတော့ OS ကတက်လာတော့မှာ မဟုတ်ပါဘူး။ ခုလက်ရှိအချိန်ထိလည်း Activation Stage ကို ကျော်နိုင်တဲ့ Solution တွေမရှိသေးတဲ့ အတွက် ဒီလိုမျိုးအကောင့်မသိတော့ဘူး၊ မဖြည့်နိုင်တော့ဘူးဆိုရင်တော့ အဲဒီဖုန်းဟာ ရပ်တန့်သွားပါပြီ။ သုံးလို့ရမှာမဟုတ်တော့ပါဘူး။ ဒါဟာလက်ရှိအချိန်မှာ အခက်အခဲတစ်ခု အခြေအနေမျိုးမဟုတ်ဘဲ သတိထားပြီး ဂရုစိုက်ရမယ့် အခြေအနေမျိုးမှာ ရှိနေပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုနေတဲ့ Device ရဲ့ Account နဲ့ ID ကိုမသိဘူးဆိုရင်တော့ iOS7 ကိုဗားရှင်းမမြှင့်တင်သင့်ပါဘူး။ ဒါ့အပြင် အခြားပြင်ပကနေ အသုံးပြုပြီးသား ဖုန်းတွေကို တစ်ဆင့်ပြန်လည် ဝယ်ယူအသုံးပြုတော့မယ်ဆိုရင်လည်း ဒါတွေ ကို သေချာစစ်ဆေးမေးမြန်းပြီးမှပဲ ဝယ်ယူသင့်ပါတယ်။ ကိုယ်က Use ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုရင် ပဲဖြစ်ဖြစ် ပြည်ပကနေ Activate လုပ်လာပြီးသား ဖုန်းတစ်လုံးကို မှာယူအသုံးပြုတော့မယ် ဆိုရင်ပဲဖြစ်ဖြစ် အဓိကအရေးကြီးတဲ့ အချက်ဟာ iCloud, iTune Account, Apple ID ဆိုတဲ့အရာတွေ ဒါမှမဟုတ် iTune Account ကိုပြုလုပ်ခဲ့တဲ့ Gmail (or) Email နဲ့ Password တွေကိုသိထားဖို့လို အပ်ပါတယ်။ ဒါ့အပြင်ပုံမှန် အသုံးပြုနေသူတွေအနေနဲ့လည်း အကောင့်နဲ့ password ကိုဂရုစိုက်ပြီး အသုံးပြုသင့်ပါတယ်။ iOS ဟာခုချိန်မှာ Version 7.1 ထိရှိနေခဲ့ပြီဖြစ်တဲ့အတွက် ၇ ရဲ့ အောက်က ဗားရှင်းသမားတွေရော 7.0 Version တွေကနေစတင်ပြီး ဗားရှင်းမြှင့်တင်မယ့် လူတွေပါ ဒါကိုဂရုစိုက်သင့်ပါတယ်။ Use တွေကိုပြန်ဝယ်မယ်ဆိုရင်လည်း အကောင့်တွေကို ဂရုစိုက်ပြီး မေးထားသင့်ပါတယ်။
No comments:
Post a Comment