Tango ဆော့ဝဲလ်လေးကလည်း Viber ဆော့ဝဲလ်လိုပဲ Free Call နဲ့ Video Call
တွေပါ အသုံးပြုလို့ ရပါတယ်..။ ဒီဗါးရှင်းကတော့ ကွန်ပျူတာမှာ ထည့်သုံးလို့
ရမယ့် ဝင်းဒိုးတွေအတွက်ပါ..။ Register လုပ်တဲ့နေရာမှာ Viber ထက်
ဒီကောင်လေးက ပိုလွယ်ပါတယ်..။ မိမိတို့ရဲ့ ဖုန်းနံပါတ်နဲ့ Email
လိပ်စာထည့်ပေးလိုက်ယုံပါပဲ..။ Viber လို Code တွေ ပြန်ထည့်ပေးဖို့
မလိုတဲ့အတွက် Wifi အသုံးပြုလို့ မရတဲ့ ဖုန်းတွေနဲ့
ဖုန်းမရှိတဲ့သူများအတွက်ပါ ဒီကောင်လေးကို PC မှာအသုံးပြုလို့
အဆင်ပြေပါလိမ့်မယ်..။ Tango ဆော့ဝဲလ်ရှိတဲ့ တကမ္ဘာလုံးက ဖုန်းတွေနဲ့
ကွန်ပျူတာတွေကို အင်တာနက်ကနေ Free Call တွေနဲ့ Video Call တွေ အချိန်မရွေး
ခေါ်ဆိုနိုင်ပါတယ်..။ ဖုန်းတွေအတွက်ကတော့ Tango ဆော့ဝဲလ်ကို Market ထဲမှာ
ဒေါင်းယူနိုင်ပါတယ်..။ Viber လိုင်းကြပ်လို့ ခေါ်လို့အဆင်မပြေတဲ့
အခါမျိုးတွေမှာ ဒီကောင်လေးနဲ့ ပြောင်းခေါ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။
လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
ဖိုင်ဆိုဒ်ကတော့ 11.2 MB ရှိပါတယ်..။ အောက်မှာလည်း ကျနော် PC နဲ့
စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပါတယ်..။
Mobile Device တွေအတွက် လိုအပ်ရင်တော့ အောက်ကလင့်နေ မူရင်းဆိုဒ်မှာ သွားဒေါင်းယူနိုင်ပါတယ်..။

No comments:
Post a Comment