15 Jan 2014

Facebook က Videos တွေကို Software မသုံးဘဲ Download လုပ်နည်း.........

ဒီနည်းလေးကတော့ ဘာဆော့ဝဲမှမလိုပဲ ဒီအတိုင်း Facebook က Videos တွေကို Download လုပ်မှာပါခင်ဗျာ။ Software တွေမသုံးချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာပါ။
ဘယ်လို Download မလဲ
****************
ကျနော်အောက်မှာပေး ထားတဲ့လင့်လေးကိုသွားပြီး ကို Download ချင်တဲ့ Video ရဲ့လင့်ကို အဲဒီမှာ Copy ပြီးထည့်ပေးလိုက်ပါ။ ပြီးရင် ခဏလေးစောင့်လိုက်တာနဲ့ အောက်နားမှာ
(Download this video (Right Click and Save As) ဆိုတာလေးမှာ Right Click နှိပ်ပြီး (Save Link As) ဆိုတာလေးကို နှိပ်လိုက်တာနဲ့ ကို့စက်ထဲကို အော်တိုဒေါင်းပြီးသားဖြစ်သွားပါ
ပြီခင်ဗျာ။ အဆင်ပြေမယ်ထင်ပါတယ်။

သွားရမယ့်လင့်ကတော့ http://www.downvids.net/

သိပ်နားမလည်သေးရင်တော့ အောက်ကပုံလေးတွေနဲ့ ရှင်းပြထားပါတယ်
 ပထမဆုံး မိမိဒေါင်းလိုတဲ့ vedio ဖိုင်ကို right click နှိပ်ပြီး copy link location ကိုနှိပ်ပါ။
ပြီးရင် ဒီနေရာ ကို သွားလိုက်ပါ။Download ဆိုတဲ့ဘေးအကွက်မှာ copy ကူးလာတဲ့ link ကိုထည့်ပြီး download ကိုနှိပ်ပါ။
အောက်နားလေးမှာ မိမိတို့လိုချင်တဲ့ သီချင်းလေးပေါ်လာရင် Download this Vedio (right click and save as) ဆိုတာလေးကို နှိပ်လိုက်ပါ။

 
ဒါဆိုရင်တော့ မိမိတို့ လိုချင်တဲ့ vedio ဖိုင်လေးကို စတင် down နေပါပြီ။ အဆင်ပြေပါစေဗျာ။

 

No comments:

Post a Comment