25 Dec 2013

ကွန်ပျူတာက Folder တွေကို အရောင်လေးတွေနဲ့ ထားချင်ရင်





ကွန်ပျူတာက Folder တွေကို အရောင်လေးတွေနဲ့ ထားချင်တဲ့ သူငယ်ချင်းတွေအတွက်
 Folder Maker Free ဆိုတဲ့

ဆော့ဝဲလ်လေး တစ်ခု ပြန်လည်မျှဝေပေးချင်ပါတယ်။ Folder တွေအများကြီးကို ရိုးရိုးပဲ
ထားမယ်ဆိုရင် အရောင်တွေ

တူနေပြီး နာမည်ကို မနည်းလိုက်ရှာရပါသေးတယ်။ အရောင်လေးတွေ တစ်မျိုးစီပေးထား
လိုက်တော့ ကြည့်လိုက်တာနဲ့

တန်းမြင်ပါတယ်။ Foloder ရောင်စုံလေးတွေနဲ့ ကိုယ့်ကွန်ပျူတာကို အလှဆင်ထားရာလည်း ရောက်တာပေါ့ဗျာနော်။

သူများတွေမြင်ရင် ငေးကြည့်ပြီး ဘယ်လိုလုပ်ထားတာလဲ။ ဘာဆော့ဝဲလ် သုံးတာလဲ
 မေးသွားဦးမယ်..

သူငယ်ချင်းတို့လည်း ကြိုက်တယ်ဆိုရင် အောက်မှာ ဒေါင်းသွားလိုက်တော့နော်..
 ဖိုင်ဆိုဒ် 4 MB ပဲ ရှိပါတယ်။


Download: Folder Maker Free
 

Folder တွေကို အရောင်ပြောင်းနည်း

ကိုယ်အရောင်ပြောင်းချင်တဲ့ Folder ကို Right Click >> Colorize! ကနေပြီး ကိုယ်ကြိုက်တဲ့အရောင်ကို ရွေးနှိပ်လိုက်ပါ။



တစ်ကယ်လို့ သူငယ်ချင်းက သူပေးထားတဲ့ အရောင်တွေကို မကြိုက်ဘူး။
ကိုယ့်စိတ်ကြိုက်အရောင် သုံးချင်တယ်ဆိုရင်

အောက်ဆုံးက Colors... ကို နှိပ်ပြီးတော့ စိတ်တိုင်းကျ အရောင်လေးတွေ ပြောင်းလဲ
ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။



သူငယ်ချင်းများ အားလုံး အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေလို့
 ဆုတောင်းပေးလိုက်ပါတယ်။

No comments:

Post a Comment