PC မှ Viber ဖုန်းခေါ်နည်း
ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။
Code:
ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်
Code
ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....
bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viberလို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို ruလိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို messageတစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။
Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု(Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viberကိုအောက်မှာရယူလိုက်ပါ။ (မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application
ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကို
ဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင်Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေ
ဆိုရင်Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox
မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ
(ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး
9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

No comments:
Post a Comment