10 May 2013

Any Video Converter

ကဲ ဒီနေ့တော့ Flash Song ဝါသနာရှင်တွေ အတွက် လိုအပ်မယ်လို့ ထင်တဲ့ ဆော့ဝဲလ်လေး တစ်ခု

ကွန်ပျူတာ တစ်လုံးမှာ ရှိထားသင့်တဲ့ ဆော့ဝဲလ်လေး လည်း ဖြစ်ပါတယ်။ ကျွန်တော် အရင်တုန်းကတော့

ဒီ Flash Song တွေအကြောင်း စိတ်မဝင်စားခင်ကတည်းကပေါ့နော်..ဒီဆော့ဝဲလ်လေးကို သုံးခဲ့ပါတယ်။

Video သီချင်းတွေကနေ  MP3 လိုချင်လို့ပါ။ သုံးရတာ လွယ်ကူပြီး တော်တော်လေး အဆင်ပြေပါတယ်။

ခုနောက်ပိုင်း Flash Song လုပ်တာ ဝါသနာ ပါလာတော့ Total Video Converter လေး ဒေါင်းပြီး သုံး

ပါတယ်။ သူက Mp3 ဆိုဒ်ချုံ့ဖို့ ဆိုပြီးတော့ပါ။ပြီးတော့ ဖိုင် အမျိုးအစား တော်တော်များများကိုလည်း

ပြောင်းပေးနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် မနေ့က  Video သီချင်းခွေထဲက သီချင်း တစ်ပုဒ်ကို

MP3 လိုချင်လို့ ပြောင်းတဲ့ အခါမှာ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ အရင်တုန်းက သုံးခဲ့တဲ့ ဆော့ဝဲလ်လေးနဲ့

ပြန်သုံးကြည့်လိုက်တဲ့အခါ အကုန် အဆင်ပြေသွားပါတယ်။ နောက်ပြီး သူက MP3 ကို ဖိုင်ဆိုဒ်ပါ  ချုံ့လို့

ရတယ်ဆိုတာ ထပ်ပြီးတော့ သိလိုက်ရပါတယ်။ သူကတော့ သူကတော့  Any Video Converter ပါပဲ။

ပြောင်းလို့ရတဲ့ ဖော်မက်တွေကလည်း တော်တော်စုံပါတယ်။ ပြောင်းနည်းလေးကတော့.....

(1) အပေါ် ဘယ်ဘက်ဒေါင့်က Add Video ကို ကလစ်ပြီး ဗီဒီယိုဖိုင်တခု ထည့်သွင်းပါ။



(2)အပေါ် ညာဘက်ဒေါင့်က Profile မှာ ကိုယ်ပြောင်းချင်တဲ့ အမျိုးအစား ရွေးပါ။



(3) Audio Bitrate မှာ 64 ကိုပြောင်းလိုက်ပါ။ အဲဒါက ဖိုင်ဆိုဒ် ချုံ့တာဖြစ်ပါတယ်။



(4)Add Video ဘေးက Convert ကို ကလစ်ပါ။



ဒါကတော့ MP4 Video ဖိုင်ကို MP3 ပြောင်းလိုက်တာ ပြီးစီးသွားတဲ့ အကြောင်းပါ။



ပြောင်းပြီးသွားတဲ့ဖိုင်တွေက My Document > Any Video Converter ဖိုလ်ဒါထဲမှာ ရှိနေပါမယ်။

ဒါမှ မသိသေးဘူးဆိုရင်လည်း သူ Message Box တက်တဲ့အခါ အဲဒီမှာ Yes ကိုသာ နှိပ်ကြည့်လိုက်ပေါ့။

အပေါ်က ပုံမှာပါ ပါတယ်။ သေချာလေး ကြည့်ပြီး လုပ်လိုက်ပါ။ ဘာမှ မခက်ပါဘူး။

ဒီအောက်ကပုံကတော့ ကျွန်တော် ပြောင်းလိုက်တဲ့ ဗွီဒီယိုဖိုင်ရဲ့ ဆိုဒ်နဲ့ ပြောင်းပြီး MP3 ဖိုင်ဆိုဒ်ပါ။



ကြိုက်တယ် ။ သုံးချင်တယ်ဆိုရင် ဒီအောက်မှာ ဒေါင်းလိုက်ပါ။

Download: Any Video Converter

No comments:

Post a Comment